Sunday 3 April 2011

မြောင်းမြကရင်လေး ဘလော့အား ဇွဲကပင်မျိုးချစ်လူငယ် ဟူသည့် အမည်ဖြင့် ပြောင်းလဲ ထုတ်လွှင့်မည်

ချစ်ကရင် ညီအကို မောင်နှမ အပေါင်းတို့....

ယခု ထုတ်လွှင့်ထားသော မြောင်းမြကရင်လေး ဘလော့အား ဧပြီလ (၁၇) ရက်နေ့မှ စပြီး စင်္ကာပူရောက် ကရင့်အမျိုးသားရေး လှုပ်ရှားမှုကို စွမ်းစွမ်းတမံ လှုပ်ရှားနေသော ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) ၏ ကိုယ်စားပြု ဘလော့အဖြစ် ပြောင်းလဲကာ ဇွဲကပင်မျိုးချစ်လူငယ် (စင်္ကာပူ) ဘလော့အဖြစ် ပြောင်းလဲ ထုတ်လွှင့်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဆိုပါ ဘလော့ကို မူလအတိုင်း http://myaungmyakayinlay.blogspot.com/ ဟူသည့် အင်တာနက် လိပ်စာဖြင့် ဆက်လက် ၀င်ရောက် ကြည့်ရှု နိုင်ရုံသာမက www.zwekabinyouth.co.cc ဟူသည့် အင်တာနက် လိပ်စာဖြင့်လည်း ၀င်ရောက် ကြည့်ရှု နိုင်မည် ဖြစ်သည်။

မရှင်းလင်းသည်များ ရှိပါက kayinlay.myaungmya@gmail.com သို့ မေးလ် ပို့ကာ ရှင်းလင်းချက်များကို စုံစမ်းမေးမြန်းနိုင်ပါသည်။