ကရင့်စာ/စကား

ချစ်စွာသော ညီအကို မောင်နှမတို့...
         ယ တို့ ကရင်လူမျိုးတွေဟာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာ သမိုင်းအစဉ်အလာ၊ ကိုယ့်ဘာသာ စကားနဲ့ ဟိုးရှေး ပဝေသနီ ကတည်းက ရိုးသား အေးချမ်းစွာ နေထိုင် လာခဲ့ပါတယ်...... ..... ။ သို့သော် ခေတ်ကာလ အခြေအနေအရ တမြို့ တရွာ တနယ်စီမှာ ခွဲကာ ရေကြည်ရာ မြက်နုရာ ကြီးပြင်းရှင်သန်နေကြရပါတယ်...။ အခုလို တမြို့ တရွာစီခွဲက ရှင်သန် ကြီးပြင်းနေကြရင်းနဲ့ တချို့... တချို့ ကရင် ညီအကို မောင်နှမတွေဟာ မိမိတို့ရဲ့ ရိုးရာစာ ရိုးရာစကားကို တဖြည်းဖြည်းချင်း အသုံးနည်းလာကြပြီး... ရောက်လေရာ ဒေသက အများသုံး စကားများကိုသာ တွင်တွင်ကျယ်ကျယ် သုံးနေကြတာကို ရင်နာဖွယ် တွေ့မြင်နေကြရပါတယ်...။ ဒီလိုသာ ရောက်ရာဒေသမှာ ဒေသသုံး စကားတွေကို ဆက်လက်ပြောနေကြပြီး ကိုယ့်ကရင် စာပေ ယဉ်ကျေးမှုကို မေ့ပျောက် သွားမယ်ဆိုရင် ယ တို့ရဲ့ ဘိုးဘွားတွေ တီထွင် ချမှတ်ပေးထားတဲ့ ကရင်စာပေ ဘာသာ စကားတွေဟာ နောက်ရာစုနှစ် အနည်းငယ် အတွင်းမှာပဲ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်
သွားနိုင်ပါတယ်...။ ဒါကြောင့် ယ အနေနဲ့... ... သက်ဆိုင်ရာ ကရင်စာပေကို လုံးဝ မသိတော့တဲ့ လေ့လာဆဲ ကရင်တွေ အတွက် ရည်ရွယ်ပြီး ဒီ မြောင်းမြကရင်လေး ဘလော့မှာ ကရင့်စာ/စကား ဆိုတဲ့ ဘလော့ စာမျက်နှာလေးကို ဖွင့်ပြီး အရှေ့ပိုး၊ အနောက်ပိုး၊ စကော ကရင်ဘာသာ စာပေကို တတ်နိုင်သလောက် သင်ပေးတဲ့ ကဏ္ဍလေးကို ဖွင့်ပေးလိုက်ချင်တဲ့ စေတနာလေး ပေါ်လာတာကြောင့် သက်ဆိုင်ရာ ဘာသာစကားသင် စာအုပ်တွေကို ရန်ကုန်ကနေမှာပြီး တင်ပေးသွားမှာ ဖြစ်ပါတယ်...။
(ကရင် စာဖောင့်များကို ဇွဲကပင် ဖောင့်နှင့် သုံးသွားမှာ ဖြစ်ပြီး၎င်း ဇွဲကပင် ဖောင့်ကို (ဒီနေရာ) မှာ သွားရောက် ဒေါင်းလုတ်ဆွဲကာ သင့်ကွန်ပျူတာတွင် တင်ထား ရပါမည်။)

ကရင့်အကျိုး ဆထက်တိုး သယ်ပိုးချင်နေတဲ့
မြောင်းမြကရင်လေး