Friday 15 July 2011

တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ဖိတ်ကြား

(စင်္ကာပူ ဇူလိုင်လ ၁၃ရက်)
ချစ်ခင်လေးစားရပါသော ရွှေကရင် ညီအကို မောင်နှမ အပေါင်းတို့....
လာမည့် ၂၀၁၁ခုနှစ် သြဂုတ်လ ၇ ရက်နေ့ ညနေ ၃း၀၀နာရီမှ ည၈း၀၀နာရီအထိ စင်္ကာပူနိုင်ငံ Sims Avenue No 165 ရှိ Harvest Care Center စတုတ္ထထပ် Function Hall တွင် စင်္ကာပူနိုင်ငံရောက် မျိုးချစ်ကရင်များဖြင့် စုစည်းတည်ထောင်ထားသည့် ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ)က ဦးစီးကာ ဆင်ယင်ကျင်းပမည့် တတိယ အကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို မျိုးချစ်စိတ်ဓါတ် အရင်းခံကာ မပျက်မကွက် ကြွရောက်ပြီး တက်ရောက် ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်.... သတင်း ဆက်လက်ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ။

Sunday 10 July 2011

တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စည်းဝေး

(စင်္ကာပူ၊ ဇူလိုင်လ ၁၀ ရက်)
ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) က ကြီးမှူးကျင်းပမည့် တတိယအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ အမျိုးသားရေး အနှစ်သာရ မပျောက်ပျက်အောင် ဆင်ယင် ကျင်းပနိုင်ရေးအတွက် အသေးစိတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို ယနေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံ ပင်နီစူလာ ပလာဇာအနီးရှိ စုရပ်တစ်ခုတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။ သတင်း ဆက်လက်ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ။