(စင်္ကာပူ၊ ဧပြီ ၁၅)
စင်္ကာပူနိုင်ငံ ၀ရဓာတု ရတနာရာမ အသင်းတော် (ဓာတ်တော်တိုက်)က ကြီးမှူးကျင်းပသော န၀မ အကြိမ်မြောက် မြန်မာ့ရိုးရာ သင်္ကြန် ရေသဘင်ပွဲတော် အခမ်းအနားကို ယနေ့မနက် ၁၀း၀၀ နာရီတွင် No.2, Telok Blangah Street 31 Singapore 108942 ရှိ Yeo’s Building တွင် ကျင်းပခဲ့သည်။
![]() |
ဓာတ်တော်တိုက် မိသားစု မြန်မာ နှစ်သစ်ကူး သင်္ကြန်ပွဲတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ ကရင်ဒုံးယိမ်းဖြင့် တင်ဆက်နေစဉ် (ဓာတ်ပုံ-သတင်းနှင့်ပြန်ကြားရေး၊ဇွဲကပင်မျိုးချစ်ကရင်လူငယ်အဖွဲ့) |
အဆိုပါ အခမ်းအနားတွင် အသက် ၇၅နှစ်နှင့် အထက် သက်ကြီးပူဇော်ပွဲ၊ ငှက်လွှတ်ပွဲများကိုပါ ထည့်သွင်း ပြုလုပ်ခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်တွင် သင်္ကြန်အကများ၊ တိုင်းရင်းသားရိုးရာ အကများ၊ သင်္ကြန်တေး သရုပ်ဖော် အကများဖြင့် စုံလင်အောင် တင်ဆက် ခဲ့ကြသည်။ ဇွဲကပင် မျိုးချစ်ကရင် လူငယ်များကလည်း ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် တင်ဆက် ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း- မြောင်းမြကရင်လေး)