Sunday 15 April 2012

၂၀၁၂ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်တွင် ဇွဲကပင် မျိုးချစ်လူငယ်များ ကရင်ဒုံးယိမ်းဖြင့် ဖျော်ဖြေ


(စင်္ကာပူ၊ ဧပြီ ၁၅)
စင်္ကာပူနိုင်ငံ ၀ရဓာတု ရတနာရာမ အသင်းတော် (ဓာတ်တော်တိုက်)က ကြီးမှူးကျင်းပသော န၀မ အကြိမ်မြောက် မြန်မာ့ရိုးရာ သင်္ကြန် ရေသဘင်ပွဲတော် အခမ်းအနားကို ယနေ့မနက် ၁၀း၀၀ နာရီတွင် No.2, Telok Blangah Street 31 Singapore 108942 ရှိ Yeo’s Building တွင် ကျင်းပခဲ့သည်။ 
ဓာတ်တော်တိုက် မိသားစု မြန်မာ နှစ်သစ်ကူး သင်္ကြန်ပွဲတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ ကရင်ဒုံးယိမ်းဖြင့် တင်ဆက်နေစဉ် (ဓာတ်ပုံ-သတင်းနှင့်ပြန်ကြားရေး၊ဇွဲကပင်မျိုးချစ်ကရင်လူငယ်အဖွဲ့)
အဆိုပါ အခမ်းအနားတွင် အသက် ၇၅နှစ်နှင့် အထက် သက်ကြီးပူဇော်ပွဲ၊ ငှက်လွှတ်ပွဲများကိုပါ ထည့်သွင်း ပြုလုပ်ခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်တွင် သင်္ကြန်အကများ၊ တိုင်းရင်းသားရိုးရာ အကများ၊ သင်္ကြန်တေး သရုပ်ဖော် အကများဖြင့် စုံလင်အောင် တင်ဆက် ခဲ့ကြသည်။ ဇွဲကပင် မျိုးချစ်ကရင် လူငယ်များကလည်း ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် တင်ဆက် ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း- မြောင်းမြကရင်လေး)

No comments:

Post a Comment