(စင်္ကာပူ၊ စက်တင်ဘာ
၂၂)
စင်္ကာပူ နိုင်ငံရှိ
မြန်မာကလပ်က ကြီးမှူးကျင်းပသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်
စင်္ကာပူရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲကို ဆန်တိုဆာကျွန်းရှိ Resort World
Sentosa Convention Hall တွင် စက်တင်ဘာလ ၂၂ရက်နေ့မနက်က ကျင်းပခဲ့ရာ စင်္ကာပူရောက် ကရင်တိုင်းရင်းသားများနှင့်
ဖွဲ့စည်းတည်ထောင်ထားသည့် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့က ကိုယ်စားလှယ်များ
တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။ အဆိုပါ အခမ်းအနားတွင် ဇွဲကပင် မျိုးချစ် ကရင်
လူငယ်များက အကဖြင့် တင်ဆက်ကပြခဲ့သည်။
ဇွဲကပင် မျိုးချစ် ကရင်
လူငယ်များက အကဖြင့် တင်ဆက်ခြင်း မှတ်တမ်း ဗွီဒီယို
(သတင်း - မြောင်းမြကရင်လေး)
No comments:
Post a Comment