Sunday 13 November 2011

ဇွဲကပင်မျိုးချစ် ကရင်လူငယ်အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၂၁၀၆နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနား တက်ရောက်

(စင်္ကာပူ - နိုဝင်ဘာ ၁၂ ရက်)
စင်္ကာပူ ရှမ်းတိုင်းရင်းသား မိသားစုက ဦးစီးကျင်းပသော ၂၁၀၆ နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်ကို ယနေ့ ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ စင်္ကာပူနိုင်ငံ Kreta Ayer People's Theatre တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဇွဲကပင်မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က ဥက္ကဌ စကျော်ဟိလာနှင့် အဖွဲ့ဝင်များလည်း ဂုဏ်ပြု တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ရှမ်းရိုးရာ အက၊ အလှ ဖျော်ဖြေမှုများအပြင် နာမည်ကျော် အဆိုတော်များဖြစ်ကြသော ဟန်ထွန်း၊ မေခလာ တို့ရဲ့ တေးသံသာများဖြင့် တင်ဆက်ခဲ့ကြသည်။ 
ဇွဲကပင်မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ စထင်လင်းထွဋ်နှင့် နန့်ပိုးပိုးမင်းတို့က ရှမ်းတိုင်းရင်းသားမိသားစု အား အမှတ်တရ မေတ္တာလက်ဆောင် ပန်းခြင်း ပေးအပ်စဉ်
အခမ်းအနားတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ) က တာဝန်ရှိသူများက စင်္ကာပူ ရှမ်းတိုင်းရင်းသား မိသားစု အား ၂၁၀၆နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ အမှတ်တရ မေတ္တာလက်ဆောင် ပန်းခြင်းကို ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း - မြောင်းမြကရင်လေး)

3 comments:

  1. ဂုဏ်ယူပါတယ်

    ReplyDelete
  2. The celebration is Shan new year 2016 celebration.
    It is not Shan national day.

    ReplyDelete
  3. The title is Shan National day. It is not correct. It suppose to be Shan New Year Cerebration day. Thanks for your article. ;)

    ReplyDelete