Wednesday 16 November 2011

ကရင် နှစ်သစ်ကူး ကျင်းပရေး ဗဟို ကော်မတီ (စင်္ကာပူ) က ထူးချွန် ကျောင်းသား စာရင်း စတင်လက်ခံ

(စင်္ကာပူ၊ နိုဝင်ဘာ ၁၆)
လာမည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် ကရင် သက္ကရာဇ် ၂၇၅၁ နှစ်မြောက် ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အခမ်းအနားတွင် ထူးချွန် ကရင် လူငယ်၊ မောင်မယ်များအား ပညာရည်ချွန် ဆုပေးခြင်း အစီအစဉ်အား ထည့်သွင်း ကျင်းပမည် ဖြစ်သည်။  ၂၀၁၀ခုနှစ်အတွင်းတွင် GCE O Level စာမေးပွဲကို အခြားနိုင်ငံများတွင် ဖြေဆိုအောင်မြင်ခဲ့ပြီး လက်ရှိ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသူ၊ ၂၀၁၀ခုနှစ်အတွင်းတွင် GCE O Level စာမေးပွဲကို စင်္ကာပူနိုင်ငံတွင် ဖြေဆိုခဲ့ပြီး ဖြေဆိုခဲ့သည့် ဘာသာရပ်တစ်ခုခုတွင် Grade A1 (သို့) A2 ရရှိထားသူ၊ ၂၀၁၀ခုနှစ်အတွင်းတွင် GCE O Level စာမေးပွဲကို British Council ကဲ့သို့ အခြား စာစစ်ဌာနများတွင် ဖြေဆိုခဲ့ပြီး ဖြေဆိုခဲ့သည့် ဘာသာရပ် တစ်ခုခုတွင် Grade A နှင့် အထက် ရထားသူများ သည် အောင်လက်မှတ် မိတ္တူ၊ ကရင် ရိုးရာ ၀တ်စုံဖြင့် ရိုက်ကူးထားသော passport အရွယ်အစား ဓာတ်ပုံ တစ်ပုံနှင့်အတူ အရှေ့ပိုး ကရင် တိုင်းရင်းသားများက စကျော်ဟိလာ (kyawhila@gmail.com, Phone 9423 7139)၊ အနောက်ပိုးကရင် တိုင်းရင်းသားများက ဖထီး မန်းသိန်းစီ (thein_si@yahoo.com, Phone: 9060 0834)၊ စကော ကရင်နှင့် အခြား ကရင် လူမျိုးစု တိုင်းရင်းသားများက စောဆာလောလ (sawsahlawla@gmail.com,  Phone: 9622 9176) တို့ထံသို့ ဒီဇင်ဘာလ (၁၁) ရက်နေ့ နောက်ဆုံးထားပြီး အီးမေးလ်ပို့ လျှောက်ထားနိုင်ကြောင်း  သက်ဆိုင်ရာက သတင်းရရှိပါသည်။
(သတင်း-မြောင်းမြကရင်လေး)

No comments:

Post a Comment