Tuesday 8 May 2012

ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ စုံညီ တွေ့ဆုံပွဲ ကျင်းပပြီးစီး


(စင်္ကာပူ၊ မေ ၆)
၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က စင်္ကာပူ နိုင်ငံရောက် မျိုးချစ် ကရင် လူငယ်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ စုံညီ တွေ့ဆုံပွဲ တစ်ခုကို ယနေ့ နံနက် ၁၁ နာရီက ဆန်တိုဆာ အပန်းဖြေ ကျွန်းရှိ ပါလာဝမ် ကမ်းခြေတွင် ကျင်းပခဲ့ကြသည်။ အဆိုပါ တွေ့ဆုံ စားသောက်ပွဲကို အဖွဲ့ နာယကကြီး စထွန်းထွန်းဦးက စတင် အဆိုပြု၊ မ,တည်ခဲ့ပြီး အသင်း ရံပုံငွေဖြင့် ပံပိုးကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော တွေ့ဆုံပွဲ ကျင်းပရေး ကြိုတင် အစည်းအဝေးတွင် အများသဘောအရ ဆန်တိုဆာ အပန်းဖြေကျွန်းကို ရွေးခြယ်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ စုံညီ တွေ့ဆုံပွဲ အစပိုင်းတွင် နာယကကြီး စထွန်းထွန်းဦး၊ ဥက္ကဌ စကျော်ဟိလာ၊ အထူးဧည့်သည်တော် စောဒီးဒီး နှင့် အခြား အလုပ်အမှုဆောင်များက အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော သူများ၏ အကြံပြုချက်များကို ညှိနှိုင်း ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်များက ထမင်း၊ ဟင်း၊ ဆီထမင်း၊ လ္ဘက်သုပ်၊ ဘဲကင်၊ သင်္ဘောသီးထောင်း၊ အချိုရည် များဖြင့် ပျော်ပျော် ရွှင်ရွှင် စားသောက်ကြသည်။   
ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ စုံညီ တွေ့ဆုံပွဲတွင်  ပျော်ပျော်ရွှင်ရွှင် ကစားနေကြစဉ် (ဓာတ်ပုံ-သတင်းနှင့် ပြန်ကြားရေး၊ ဇွဲကပင်မျိုးချစ်ကရင်လူငယ်များ အဖွဲ့ - စင်္ကာပူ)
စားသောက် ပြီးသောအခါ အမျိုးသမီးများ အတွက် ကံစမ်းမဲ အစီအစဉ် စတင်ရာ ဥက္ကဌကြီး စကျော်ဟိလာက ပေါက်မဲကို ကြေငြာပေးခဲ့ပြီး ပေါက်မဲပေါက်သူ နန့်ပိုးပိုးမင်းအား ကံစမ်းမဲ ပေးအပ်ခဲ့သည်။ ထို့နောက် အဖွဲ့ဝင်များက ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်း ရရှိပါသည်။
(သတင်း - မြောင်းမြကရင်လေး)

No comments:

Post a Comment