Sunday 8 June 2014

ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ) ၂၀၁၄ခုနှစ် ဇွန်လ လပတ် အစည်းအဝေး ကျင်းပ ပြီးစီး



(စင်္ကာပူ၊ ဇွန်လ ၈ ရက်)

စင်္ကာပူနိုင်ငံရောက် ကရင်လူငယ်များဖြင့် စုစည်းဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ ၂၀၁၄ခုနှစ် ဇွန်လ လပတ် အစည်းအစေးကို ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ ၈ ရက်နေ့ ညနေ ၇း၀၀ က စင်္ကာပူနိုင်ငံ Peninsula Plaza အနီးရှိ Fort Canning Park တွင် ကျင်းပခဲ့ရာ အဖွဲ့ဝင်ပေါင်း ၅၀ နီးပါး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှေးဦးစွာ ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ ဥက္ကဌ စောခင်စန်းက အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ နာယက အဖွဲ့ဝင် တစ်ဦးဖြစ်သော စကျော်ဟိလာက လာမည့် သြဂုတ်လ တွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့က ဦးစီးကျင်းပမည့် ဆဌမ အကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ခန်းမ စီစဉ်ထားရှိမှု ဆိုင်ရာ ကိစ္စရပ်များကို တင်ပြ ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေး တာဝန်ခံ စထင်လင်းထွဋ်က အခြားကျင်းပရေး ဆိုင်ရာ ကိစ္စရပ်များကို ဖြည့်စွက် ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများအရ
၁) ဆဌမအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ၂၀၁၄ခုနှစ် သြဂုတ်လ ၃ ရက်နေ့ (တနင်္ဂနွေနေ့) နေ့လည် ၁း၀၀ နာရီတွင် ယမန်နှစ်က ကျင်းပခဲ့သော Yeo’s Building, No 2, Telok Blangah Street 31 Singapore 108942 တွင်ကျင်းပရန် အတည်ပြုကြောင်း၊
၂) ဖိတ်စာရိုက်ကူးရေးနှင့် တိုင်းရင်းသား အဖွဲ့များကို ဖိတ်ကြားရေးဆိုင်ရာ ကိစ္စများကို စထင်လင်းထွဋ်က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း
၃) အခမ်းအနား ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများကို စောလှစိုးက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း
၎) အခမ်းအနားအတွက် ထိုင်ခုံများ ငှားရမ်းခြင်းဆိုင်ရာ ကိစ္စနှင့် အသံချဲ့စက် ငှားရမ်းခြင်းကိစ္စများကို စကျော်ဟိလာနှင့် စထင်လင်းထွဋ်တို့က ဆောင်ရွက်မည်ဖြစ်ကြောင်း
၅) ယခုနှစ် ရိုးရာ ချည်ဖြူပွဲတွင် ကရင်ရိုးရာ မုန့်ဟင်းခါး ကျွေးမွေးမည်ဖြစ်ပြီး အကျွေးအမွေး အချက်အပြုတ်ဆိုင်ရာကို စတိုးတိုးဝင်းက ဦးဆောင်ပေးရန် ဆုံးဖြတ်ခဲ့ပြီး စောကျော်ထွန်းလင်း အိမ် (သို့မဟုတ်) မန်းစစ်အေး အိမ်တွင် ချက်ပြုတ်ရေးဆောင်ရွက်ရန် ရွေးချယ် ဆုံးဖြတ်ခဲ့ကြောင်း
၆) မှတ်တမ်းတင် ရိုက်ကူးရေးဆိုင်ရာအတွက် အောက်ဖော်ပြပါ ပုဂိုလ်များကို ရွေးချယ်ထားကြောင်း သတင်းရရှိပါသည်။

ဗွီဒီယို
က) စောဝင်းခိုင် (ဗွီဒီယို ကင်မရာ + ရိုက်ကူးရေး)
ခ) စအောင်မွန် (ဗွီဒီယို ကင်မရာ)
ဂ) စောမောင်မောင် (ဗွီဒီယို ကင်မရာ + ရိုက်ကူးရေး)

ဓာတ်ပုံ
က) စောမောင်မောင် (ဓာတ်ပုံ ကင်မရာ + ရိုက်ကူးရေး)
ခ) စောအောင်မြင့်ဝင်း (ဓာတ်ပုံ ကင်မရာ + ရိုက်ကူးရေး)
ဂ) စထင်လင်းထွဋ် (ဓာတ်ပုံ ကင်မရာ + ရိုက်ကူးရေး)

ဆက်လက်ပြီး ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ကျရောက်မည့် ၂၇၅၄နှစ်မြောက် ကရင် အမျိုးသား နှစ်သစ်ကူး အခမ်းအနား ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို စထင်လင်းထွဋ်က ဆွေးနွေးခဲ့သည်။

ထို့နောက် ဆဌမအကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားတွင် တင်ဆက်ပါဝင်မည့် ဖျော်ဖြေရေး ဆိုင်ရာကိစ္စများကို စောအောင်မြင့်ဝင်းက ဆွေးနွေးရာ ယခုနှစ်တွင် ရိုးရာ အက ၃ခုခန့် ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် သီချင်းဆို ပါဝင်ဖျော်ဖြေမည့်သူများ အနေဖြင့် မိမိတို့ ပါဝင်သီဆိုလိုသောသီချင်းများကို တစ်ဦးလျှင် အများဆုံး နှစ်ပုဒ် နှုံးဖြင့် လာမည့် ဇူလိုင်လ ၆ ရက်နေ့ အစည်းအဝေးတွင် နောက်ဆုံးထား ပေးပို့ရန်နှင့် မိမိတို့ တင်သွင်းထားသော သီချင်းများကို အခြားသီချင်းဖြင့် ပြန်လည် လဲလှယ်ခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း သတင်းရရှိပါသည်။

ဆက်လက် ဘဏ္ဍာရေးမှူး စောဝင်းခိုင်က ဘဏ္ဍာငွေဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ယခုအချိန်အထိ စာရင်းပိတ် လက်ကျန် စင်္ကာပူဒေါ်လာ ၇၀၆၀.၀၀ တိတိ လက်ကျန်ရှိကြောင်း သိရရှိရပါသည်။ ထို့နောက် လစဉ်အလှူငွေကောက်ခံရာ စင်္ကာပူဒေါ်လာ ၆၁၀.၀၀ တိတိ ထပ်မံ လက်ခံ ရရှိပါသည်။

အခြားဆွေးနွေးစရာကိစ္စရပ်များခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် “Certificate of Appreciation” ကို အဖွဲ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ပြီး အဖွဲ့ဝင်များ၏ သဘောထားတောင်းခံကာ အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုလ လပတ်အစည်းအဝေးကို ယနေ့ည ၈း၃၀ ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း မှတ်တမ်းနှင့် ပြန်ကြားရေး
(ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ - စင်္ကာပူ)

No comments:

Post a Comment